Jacson Johnathan
1311. ဆရာကြီးယုဒသန်ပြောတဲ့စကားများ
QUOTATIONS OF JUDSON
(1) There is no success without sacrifice. If you succeed without sacrifice it is because soneone has suffered before you. If you sacrifice without success someone will succeed after.
ပေးဆပ်စွန့်လွတ်မှုမရှိပါက အောင်မြင်မှုမရှိနိုင်ပါ။ သင်သည် ပေးဆပ်စွန့်လွှတ်မှုမရှိဘဲ အောင်မြင်ခဲ့ပါက၊ သင်မတိုင်မှီ အခြားလူတယောက်ယောက်၏ကြိုးပန်းမှုကြောင့်သာဖြစ်မည်။ သင်၏ပေးဆပ်စွန့်လွတ်မှုကြောင့် ယခုမအောင်မြင်ပါက အခြားလူတယောက်ယောက်က နောင်တွင်အောင်မြင်ပါလိမ့်မည်။
(2) I will not leave Burma until the cross is planted here forever.
လက်ဝါးကပ်တိုင်ကို ဤဒေသ၌ ထာဝရ မစိုက်မထူမခြင်း ကျွန်တော်မြန်မာနိုင်ငံမှ မထွက်ခွါပါ။
(3) God is to me the Great unknown. I believe in Him, but I find Him not.
ကျွန်တော်သည် ဘုရားရှင်အကြောင်း အစုံအလင်မသိနိုင်ပါ။ ကိုယ်တော်ကို အကျွန်ုပ်ယုံကြည်ပါ၏။ သို့သော်တွေ့ခွင့်မရခဲ့ပါ။ (သူသည် လူသားတယောက်အနေဖြင့် မခံနိုင်လောက်သည့် အခက်အခဲမျိုးစုံရင်ဆိုင်ပြီး၊ ဇနီးသည်များတယောက်ပြီးတယောက်ဆုံးပါးသွားသည့်အချိန်၌ ပြောသည့်စကားဖြစ်မည်)
(4) I am not tired of my work, neither am I tired of the world; yet, when Christ calls me home, I shall go with gladness.
ကျွန်တော်သည် အလုပ်နှင့်ဤလောကကို မငြေးငွေ့ ခဲ့ပါ။ သို့သော်လည်း ခရစ်တော်ကခေါ်တော်မူခဲ့လျှင် ဝမ်းမြောက်စွာဖြင့် လိုက်သွားပါမည်။
(5) The future is as bright as the promises of God.
ကျွန်တော်၏အနာဂတ်ကာလသည် ဘုရားသခင်၏ ဂတိတော်ကဲ့သို့ ထွန်းလင်းတောက်ပပါသည်။
(6) A little while, we are in eternity; before we find ourselves there, let us do much for Christ.
မကြာမှီအတောအတွင်း၊ ထာဝရထဲသို့ရောက်သွားပါလိမ့်မည်။ ထိုနေ့မတိုင်မှီ ဤနေရာ၌ ခရစ်တော်အတွက် အတတ်နိုင်ဆုံးလုပ်ဆောင်ကြပါစို့။
(7) Our prayer run along one road and Gods answers by another, and by and by they meet.
ကျွန်တော်တို့၏ဆုတောင်းခြင်းသည် အခြားလမ်းတခုရောက်နေချိန်တွင် ဘုရားရှင်၏ အဖြေကလည်းအခြားလမ်းသို့ရောက်နေတတ်သော်လည်း၊ နောက်ဆုံးတွင်ဆုံကြပါလိမ့်မည်။
(8) We prefer one room in Rangoon to six in Boston. We feel that we are highly blessed.
ငါတို့သည် ဘွစ္စတန်မြို့ (USA) ရှိ အခန်း ၆ ခုထက် ရန်ကုန်မှာ အိမ်ခန်းတခုကို သာ၍ နှစ်သက်သည်။ ရန်ကုန်မှာ နေထိုင်ရတာ ကောင်းချီး အင်မတန်ရှိသည်ဟု ခံစားရပါသည်။ (အမေရိကမှာ မိဘများနှင့် အတူနေထိုင်သည့် အိမ်ကိုဆိုလိုခြင်းဖြစ်သည်)
Doulos Bible College Correspondence Yangon Myanmar
Comments
Post a Comment