Plum Sunday
ခြင်း (မာ၊ ၁၁:၁-၁၁။ လု၊ ၁၉:၂၈-၄၀။ ယော၊ ၁၂:၁၂-၁၉။) 21ယေရုရှလင်မြို့အနီးသို့ ချဉ်း၍ သံလွင်တောင်ခြေရင်း၌ ဗက်ဖာဂေ (bethphage) ရွာသို့ ရောက်ကြသောအခါ ယေရှုသည် တပည့်တော်နှစ်ယောက်တို့ကို စေလွှတ်၍၊- 2သင်တို့ရှေ့၌ရှိသောရွာသို့ သွားကြ။ ထိုရွာ၌ ချည်နှောင်လျက်ရှိသော မြည်းမနှင့် မြည်းကလေးကို သင်တို့သည် ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ဆောင်ခဲ့ကြ။- 3သူတစ်ပါးသည် သင်တို့အား တစ်စုံတစ်ခုကိုဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့။ ထိုသို့ ပြောလျှင် ထိုသူသည် ချက်ချင်းပေးလိုက်မည်ဟု မှာထားတော်မူ၏။- 4ထိုအကြောင်းအရာမူကား၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍၊- 5နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့ဟု ဇိအုန်သတို့သမီးအား ပြောကြလော့ဟူသော ပရောဖက်၏နှုတ်ထွက် ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။ a 6တပည့်တော်တို့သည် သွား၍ အမိန့်တော်အတိုင်း ပြုသဖြင့်၊- 7မြည်းမနှင့် မြည်းကလေးကို ဆောင်ခဲ့၍ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကို တင်ကြပြီးလျှင် ကိုယ်တော်သည် စီးတော်မူ၏။ - 8အတိုင်းမသိ များစွာသောလူတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏။ အချို့တိ...