ISUA ZUI DAN TUR
ထိုအခါ တပည့်တော်တို့နှင့် ပရိသတ်များကို ခေါ်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ၌ဆည်းကပ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။-
ရှင်မာကု 8:34
ထိုအခါ ယေရှုက၊ ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။-
ရှင်မဿဲ 16:24(Cun Jesuh in a dungthluntu pawl hnenah, “Zokhal keimah thlun a duhtu cu amah ih duhnak kha taan in a thinglamtah phur in i thlun seh.”
MATTHAI 16:24 ((အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့် မထိုက်မတန်။- အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက်မတန်။- မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။-
ရှင်မဿဲ 10:37-39
Luke 14:27
အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကိုလည်းကောင်း၊ ထိုမျှမက မိမိအသက်ကိုလည်းကောင်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။- အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါ့တပည့် မဖြစ်နိုင်ရာ။-
ရှင်လုကာ 14:26-27
Zokhal siseh, ka hnenah a ra ih a nu le pa, a nupi le faate pawl, a unau le a farnu pawl le amah le amah khal keimah hnakih a duh deuh a si ahcun ka dungthluntu a si thei lo ding. Zokhal sisehla amah ih thinglamtah phur tahrat in ka dungih i thlun lotu cu ka dungthluntu a si thei lo ding.
LUKA 14:26-27
Comments
Post a Comment