Nun nak a hlutzia

တကယ်တော့ လူ့ဘဝဒီတစ်သက်မှာ
ကြောက်စရာ ကောင်းတာက ပိုက်ဆံမရှိတာ 
မဟုတ်ဘူး၊
ရာထူးအာဏာ မရှိတာ မဟုတ်ဘူး။

ကြောက်စရာအကောင်းဆုံးက
ကျန်းမာရေး ဆုံးရှုံးတာပါ။

လူနာခုတင်ပေါ် ရောက်မှ
တစ်ချိန်က အသည်းအသန် ရှာဖွေခဲ့တဲ့ ကျော်ကြားမှု၊ ငွေကြေးဥစ္စာတွေ အားလုံးက မြူခိုးမြူမှုန်မျှသာဆိုတာ သိလာပါလိမ့်မယ်။

ခန္ဓာကိုယ် တဖြည်းဖြည်း ပြိုသွားချိန်ရောက်မှ ဈေးကြီးတဲ့ ဖြည့်စွက်စာလည်း
ပုံမှန်လည်ပတ်တဲ့ ခန္ဓာကိုယ်တစ်ခု မရနိုင်တော့တာကို သိလာပါလိမ့်မယ်။

ပိုက်ဆံကို ပြန်ရှာလို့ ရတယ်။
အခွင့်အလမ်းက ထပ်ရှိလာနိုင်တယ်။
အချစ်ကို ပြန်ရှာတွေ့နိုင်ပါတယ်။

ကျန်းမာရေးတစ်ခုပဲ... 
ဆုံးရှုံးသွားရင် ပြန်ရှာဖို့ ခက်ပါတယ်။

အချိန်မီသေးတယ်ဆိုပြီး အချိန်ဆွဲခဲ့တာတွေက အဖိုးတန်ဆုံး အရင်းအမြစ်တွေကို တစ်လှမ်းချင်း ဖျက်ဆီးနေပါတယ်။

အရိုးရှင်းဆုံး ပျော်ရွှင်မှုဆိုတာ တကယ်တော့ နေ့တိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာ၊ လမ်းလျှောက်နိုင်တာ၊ စားဝင်တာ၊ ရောဂါအနာကင်းတာဆိုတာကို ခန္ဓာကိုယ် လဲပြိုချိန်ရောက်မှ သိတာမျိုး မဖြစ်ပါစေနဲ့။

ကျန်းမာခြင်းက ဘဝမှာ ဘုရားပေးတဲ့ဆုလာဘ်တစ်ပါးပဲဖြစ်ပါတယ်
 Crd

Comments

Popular posts from this blog

Bible a Seals awmte chu 7seals

RINNA leh thiltih

Sakawlh